Saturday, January 29, 2011

concert in jan 2011

အဆိုတော်ကြီးငယ်အရွယ်စုံရဲ့ လပြည့်ဝန်းသို့တမ်းချင်းည

နွမ်ဘွိုင်း
မြန်မာတိုင်းမ် အတွဲ ၂၆၊ အမှတ် ၅၀၄ (၄-၁၀ ၊ ၂ ၊ ၂၀၁၁)

မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့နဲ့အတူ တေးရေးကိုနေ၀င်း သီချင်းသီဆို ဖျော်ဖြေနေစဉ်။ ဓာတ်ပုံ - ဆိုင်းမိုင်
တေးရေးကိုနေ၀င်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတဲ့ 'လပြည့်ဝန်းသို့ တမ်းချင်းည' ဂီတဖျော်ဖြေပွဲ ကို ပြီးခဲ့ တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ 

ဒီပွဲက 'မောင့်လပြည့်ဝန်း' သီချင်းကို ရေးစပ် ဖန်တီးခဲ့သူ တေးရေး ကိုနေ၀င်းကိုဂုဏ်ပြုတဲ့ပွဲဖြစ်သလို နှစ်ပေါင်းရှည်ကြာလက်တွဲမြဲခဲ့ကြတဲ့ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့သားတွေရဲ့ နှစ် ၃၀ ကြာ အတူဖြတ်သန်းခဲ့ကြ တာကို ဂုဏ်ပြုတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲမှာတော့ ခင်မောင်တိုး၊ ရဲသွင်၊ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ ခိုင်ထူး၊ သား ထွေး၊ဘိုဖြူ၊ဂျေမောင်မောင်၊ ရင်ဂို၊မာရဇ္ဇ၊ ဇော်ပိုင်၊ဖိုးကာ၊ သျှီ၊ခင်ဘုဏ်း နဲ့ ချမ်းချမ်းတို့အပြင် တေးရေး ကိုနေ၀င်း ကိုယ်တိုင်ကလည်း သူ့ရဲ့ master piece ပါလို့ဆိုတဲ့ 'မောင့်လပြည့်ဝန်း'သီချင်းနဲ့ ၁၉၈၅ ခုနှစ်က ထုတ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေရဲ့ ခေါင်းစဉ်သီချင်း 'ယာဉ်အမီ ရီရီပြုံးပြန် ပါ'နဲ့ သီဆိုဖျော်ဖြေပေးခဲ့တာကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေဆီ ပြန်ရောက် သွားသလိုပါပဲ။

တစ်ချိန် တစ်ခါက နာမည်ကြီးခဲ့တဲ့ သီချင်းတွေရဲ့ ဆွဲငင်မှုအောက်မှာ စီးမျောခဲ့ရသလို မဇ္ဈိမလှိုင်းအဖွဲ့နဲ့အတူ တယော ဦးတင်ရီက လည်း ကူညီဖျော်ဖြေပေးခဲ့တာမို့ ဖျော်ဖြေမှုက မြိုင်ဆိုင်နေပါတယ်။ 

ဒီပွဲမှာ သီဆိုပေးသွားကြတဲ့ အဆိုတော်တွေရဲ့ ပီတိကလည်း မသေးပါဘူး။ "အပုဒ်တိုင်းကောင်းအောင်ရေးနိုင်တဲ့ ကိုနေ၀င်းကို အရှင် လတ်လတ် ဂုဏ်ပြုခွင့်ရတဲ့အတွက်ဝမ်းသာတယ်" လို့ဆိုတဲ့ ဇော်ဝင်းထွဋ်ကတော့ သူအဆိုတော် မဖြစ်ခင်၊အသံ စမ်းသပ်သွင်းခဲ့ စဉ်က သူအရဆုံး သီချင်းလည်းဖြစ်၊ အရမ်းလည်းကြိုက်တဲ့ 'ခွန်အားဖြည့်မိငယ်' ဆိုတဲ့သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဒီသီချင်းက သူ့ကိုအဆိုတော်မဖြစ်နိုင်ဘူးလို့အင်မတန်မှ စိတ်ဓာတ်ကျစေခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ခဲ့တယ် လို့လည်း ဇော်ဝင်းထွဋ် က ဆိုပါတယ်။

ဒါ့ပြင် လေးဖြူကလည်း 'အသည်း မညည်းနဲ့'၊ 'သတိမမူဂူမမြင်'၊ 'သဇင် ကြွေတဲ့ဆောင်း' စတဲ့ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပြီး ဒီလို သက်ရှိထင်ရှားရှိနေတဲ့ စီနီယာတွေကို ဂုဏ်ပြုတဲ့ပွဲမှာ သီဆိုရတာဂုဏ်ယူကြောင်းနဲ့ ဒီလိုအစဉ်အလာလေးကို ဆက်လက်ထိန်းသိမ်း သွားဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။ 

အသက် ၆၀ ပြည့်ပြီဖြစ်တဲ့ တေးရေး ဆရာ၊ အဆိုတော် ကိုနေ၀င်းကတော့ ဇရာကြောင့် အသံတွေတုန်လာပေမယ့် အဆွဲအငင်တွေကို ကောင်းကောင်းသီဆိုဖျော်ဖြေသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။ 

ဒါ့ပြင် ဖျော်ဖြေရေးကဏ္ဍ ဒုတိယပိုင်းအစမှာတော့ တေးရေးကိုနေ၀င်းကို အားပေးကြတဲ့ ပရိသတ်ကြီးက သူတို့ချစ်ရတဲ့ အနုပညာရှင် ကို မေးလိုရာ များ တိုက်ရိုက် မေးမြန်းနိုင်မယ့် အစီ အစဉ်ကို ထည့်သွင်းပေးထားလို့ လာ ရောက်အားပေးကြတဲ့ ပရိသတ်ကြီး လည်း သိချင်တာလည်း သိခွင့်ရသလို သူတို့ချစ်တဲ့ အနုပညာရှင်နဲ့ လည်း ရင်းနှီးစွာမေးမြန်း ပြောဆိုနိုင်ခွင့်ရခဲ့တဲ့ အတွက် အဆိုတော်တွေ အချင်းချင်း သာမဟုတ်ဘဲ ပရိသတ်တွေပါ ရင်းရင်း နှီးနှီးရှိခဲ့တဲ့ ပွဲပါပဲ။ 

 http://www.myanmar.mmtimes.com/2011/timeout/504/time02.html

No comments:

Post a Comment