Tuesday, September 22, 2009

news in 7Day

တေးရေးကိုနေ၀င်း၏
ဆယ်နှစ်ကြာအချိန်ယူ ပြင်ခဲ့သော ဆောင်းသို့လွမ်းချင်း စီးရီးသစ်
ဒီဇင်ဘာတွင်ဖြန့်မည်


Submitted By Ko Paryar on September 22, 2009 - 6:58am


ဂန္တ၀်တေးရေးဆရာ မဇ္ဈိမလှိုင်းမှ ကိုနေ၀င်း၏ ဆယ်နှစ်နီးပါးအချိန်ယူ ပြင်ခဲ့ရသော ဆောင်းသို့လွမ်းချင်း စီရီးအယ်လဘမ်အား လာမည့်ဒီဇင်ဘာလအတွင်း စတင်ဖြန့်ချီနိုင်တော့မည် ဖြစ်သည်။ အဆိုပါစီးရီးတွင် ကိုနေ၀င်း၏ Country, Classic, Roga Rock, Folk စသည့် ကိုယ်ပိုင်သံစဉ် သီချင်းသစ်များအပြင်၊ ယခင်က ပရိသတ်ကြားတွင် ရေပန်းစားခဲ့သော စိုင်းထီဆိုင် သီဆိုခဲ့သည့် မောင့်လပြည့်ဝန်း သီချင်းအားပုံစံသစ်ဖြင့် ပြန်လည်သီဆိုထားကြောင်းသိရသည်။

ဒီအခွေလုပ်ခဲ့တာကြာပြီ၊ ပရိုဂျူစာရှာရင်းနဲ့ ကိုးနှစ်ကျော်ကြာသွားတယ်။ ဒါပေမယ့်သီချင်း အားလုံးက ကိုယ်ပိုင်သံစဉ် ဖြစ်နေတဲ့အတွက် ဒီသီချင်းတွေရဲ့ ခေတ်ဆိုတာ သူထွက်တဲ့အချိန်က သူ့ခေတ်ပါဘဲ။ တချို့ လည်းမျှော်ရတာ အရမ်းကြာနေပြီ။ ကျွန်တော်လည်း စီရီးသစ် ထွက်ချင်နေပါပြီ။ အမြန်ဆုံးထွက်ဖို့ လုပ်နေပါတယ်။ ဟုကိုနေ၀င်းကပြောကြားသည်။

ကိုနေ၀င်း၏ ကျော်ကြားသော မောင့်လပြည့်ဝန်းသီချင်းအား ၁၉၇၃ခုနှစ်က စတင်ရေးသားခဲ့ရပြီး ၁၉၇၆တွင် ပရိသတ်အတွင်း လူကြိုက်များရေပန်းစားခဲ့ရာမှ ဂီတလောက၌သမိုင်းမှတ်တိုင်တစ်ခု အဖြစ်စိုက်ထူခဲ့ခြင်း ဖြစ်သည်။

ဒီအခွေမှာ စုစုပေါင်း သီချင်း ၁၀ ပုဒ်ပါတယ်။ အခွေထွက်တဲ့အခါ မဇ္ဈိမလှိုင်း အနေနဲ့ကတော့ စတေ့ခ်ျရှိုးတွေ မတက်တော့အတွက် စားသောက်ဆိုင်တွေနဲ့ တခြားပွဲတွေမှာဘဲ ပရိုမိုးရှင်းလုပ်ဖို့ စီစဉ်ထားပါတယ်။ ဟုကိုနေ၀င်းက 7 Day News သို့ပြောကြားသည်။


အတွဲ ၈၊ အမှတ် ၂၇. 7Day News Journal

No comments:

Post a Comment